Dr. Htein Free Clinics၂၀၁၆ ဇွန်လအတွက် ရာသက်ပန်ဆေးပဒေသာပင်အလှူရှင်များမှတ်တမ်း-
********************************************************
ရာသက်ပန်ဆေးပဒေသာပင်ဆိုသည်မှာ-
ရာသက်ပန်ဆေးပဒေသာပင် ဆိုသည်မှာ လက်ခံရရှိထားသော အလှူငွေများအားလုံးကို ဘဏ်တွင် အပ်နှံ၍ ငွေရင်းကို(လုံးဝ) မပျောက်ပျက်စေပဲ ၊ လစဉ်တိုးပွားငွေများကိုသာ ဆေးခန်းရေရှည်တည်တံ့နိုင်စေရန် အတွက် လိုအပ်သည့် အချိန်တွင် ထုတ်ယူသုံးစွဲသွားမည်ဖြစ်ပါသောကြောင့် မိမိသေဆုံးသွားကြသည့်တိုင်အောင် မိမိတို့ လှူဒါန်းထားကြသည့် ငွေရင်းများ မပျောက်ပျက်ပဲ အမြဲထာဝရ ဆေးဝါးဒါနကုသိုလ်အလှူအဖြစ် တည်ရှိစေနိုင်သောအလှူကို ရာသက်ပန်ဆေးပဒေသာပင်ဟု ခေါ်ဆိုပါတယ်ရှင်။
ကျွန်မတို့အနေနှင့် ရာသက်ပန်ဆေးပဒေသာပင်မှ တိုးပွားငွေများကို လိုအပ်သည့်အချိန်များတွင်သာ ထုတ်ယူပြီး ဆေးခန်းအတွက် အမှန်တကယ်လိုအပ်မည့် ပစ္စည်းများ ၀ယ်ယူခြင်း ၊ ဆေးအလှူရှင်မရှိသော နေ့များတွင် တိုးပွားငွေများဖြင့် လှူဒါန်းပေးခြင်းများ ပြုလုပ်နိုင်ရန် ရည်ရွယ်ထားသကဲ့သို့ ၊ ပရဟိတဆေးခန်းလေး ကိုယ်ပိုင်နေရာအတည်တကျဖြင့် လိုအပ်သူများအတွက် အမြဲထာဝရ တည်မြဲနိုင်စေခြင်းအကျိုးငှာ ရာသက်ပန်ဆေးပဒေသာပင် အလှူငွေများပိုမိုများပြားစွာ လက်ခံရရှိ လာပါက ရာသက်ပန်ဆေးပဒေသာပင် ( ငွေရင်း+တိုးပွားငွေ) များစုပေါင်းကာ သင့်တင့်သောနေရာတွင် သင့်တင့်သော ဈေးနှုန်းဖြင့် Dr.Htein's Clinic အခမဲ့ ဆေးခန်းအတည်တကျတည်ရှိနိုင်စေရေးအတွက် မြေကွက်ဝယ်ယူ၍ဖြစ်စေ၊တိုက်ခန်းတစ်ခန်းဝယ်ယူ၍ဖြစ်စေ ဆင်းရဲချို့နွမ်ပါးသူများ အားကိုးစရာ နေရာလေးအဖြစ် တစ်သက်တာတည်မြဲနိုင်စေရန် အတွက်လည်း ရည်ရွယ် စိတ်ကူးထားကြပါတယ်ရှင်။
သို့ဖြစ်ပါသောကြောင့် နေရာအတည်တကျဖြင့် ထာဝရ တည်မြဲနေမည့် Dr.Htein's Clinic အခမဲ့ဆေးခန်းလေး ဖြစ်မြောက်နိုင်စေရန်အတွက် အလှူရှင်များအားလုံးနှင့်အတူ အစပြု တည်ထောင်ပေးခဲ့သူများသေဆုံးသွားသည့်တိုင်အောင် နောင်လာမည့် ပရဟိတမျိုးဆက်သစ်လူငယ်များက တစ်ဆင့်ပြီး တစ်ဆင့် လက်ဆင့်ကမ်းကာ ဆက်လက်လုပ်ဆောင်နိုင်ကြစေရန် အုတ်မြစ်ချ အစပြုပေးသွားခြင်း ဖြစ်ပါသောကြောင့် ရာသက်ပန်ဆေးပဒေသာပင်အလှူရှင်များအနေနှင့်လည်း ထာဝရ မပျောက်ပျက်သော ဆေးဝါးဒါနကုသိုလ်အလှူရှင်များအဖြစ် အမြဲတည်တံ့နိုင်စေမည် ဖြစ်ပါကြောင်း စေတနာရှင် အလှူရှင်များအားလုံးအား လေးစားစွာဖြင့် သိစေအပ်ပါတယ်ရှင်။
ထာဝရတည်မြဲနေမည့် ဆေးဝါးဒါနကုသိုလ်အလှူအဖြစ် ကုသိုလ်ပါဝင်ယူလိုကြပါလျှင် ရာသက်ပန် ဆေးပဒေသာတစ်ပင်လျှင် ( ၁သိန်း) ကျပ်ဖြင့် ဆက်သွယ် လှူဒါန်းနိုင်ကြပါကြောင်း ပြည်တွင်း ပြည်ပ စေတနာရှင် အလှူရှင်များအား လေးစားစွာဖြင့် ဖိတ်ခေါ်လိုက်ရပါတယ်ရှင်။
“ဆေးလှူရသော အကျိုး(၁၀)ပါး”
..................................
၁။ အသက်ရှည်ခြင်း
၂။ ခွန်အားကြီးခြင်း
၃။ လုံ့လ ဝီရိယ ဥာဏ်ပညာကြီးခြင်း
၎။ အဆင်းလှခြင်း
၅။ အခြံအရံများခြင်း
၆။ ချမ်းသာကြီးခြင်း
၇။ ဘေးရန်မရှိခြင်း
၈။ နှောင့်ယှက်ဖျက်ဆီးနိုင်သူမရှိခြင်း
၉။ အခါခပ်သိမ်း သူတစ်ပါးတို့ ရိုသေလေးမြတ်ခြင်း
၁၀။ ချစ်သောသူနှင့် မကွေကွင်းရခြင်း။
Dr.Htein's Clinic ၂၀၁၆ ဇွန်လ ရာသက်ပန် ဆေးပဒေသာပင်အလှူရှင်များစာရင်း =================================
664. မိခင်ကြီး ဒေါ်ခင်မြကြီး (၁၄)နှစ်ပြည့် ကွယ်လွန်ခြင်းအတွက် ဒေါ်မျိုးနွယ် မိသားစု (၆.၆.၂၀၁၆) - (၁၅၀,၀၀၀)ကျပ် (Dr. HW)
665. ဒေါ်အေးကျော့ မိသားစု (၆.၆.၂၀၁၆) - (၁သိန်း)ကျပ် (Dr.HW)
666.လှည်းကူး ဖားအောက်တောရဓမ္မရိပ်သာ LCCI သင်တန်းသားများအဖွဲ့ (၇.၆.၂၀၁၆) - (၁၅၀,၀၀၀)ကျပ် (Dr.HW)
667. ဒေါ်ရွှေစင်ဦး (၄၀)နှစ်ပြည့် မွေးနေ့အလှူ (၉.၉.၂၀၁၆) - USD 300 (Dr. HW)
668. ဒေါက်တာဆုသဇင်မွန် မွေးနေ့အလှူ (၁၄.၆.၂၀၁၆) - (၁သိန်း)ကျပ် (Dr. HW)
669. မဇင်မာထွန်း မွေးနေ့အလှူ (၁၅.၆.၂၀၁၆) - USD100 (Dr.HW)
670. ဒေါ်ခင်အုန်းကြည် (၆၆)နှစ်ပြည့် မွေးနေ့အလှူ (၂၁.၆.၂၀၁၆) - (၅၀,၀၀၀)ကျပ်
(Dr. HW)
671. မအိငုံဖူး (၁၂)နှစ်ပြည့် မွေးနေ့အလှူ (၂၃.၆.၂၀၁၆) - (၁၂သိန်း)ကျပ်(Dr.HW)
672. ကွယ်လွန်သူ ဦးကြည်ဝင်းအား ရည်စူး၍ ကျန်ရစ်သူ မိသားစု (၂၆.၆.၂၀၁၆) - (၁သိန်း)ကျပ် (Dr.HW)
673. ဆရာတော် ဦးသုမနသီရိ မွေးနေ့အလှူ (၂၆.၆.၂၀၁၆) - (၁သိန်း)ကျပ်(Dr.HW)
674. ဒေါက်တာကျော်စိုးမိုး + မဝေမာလင်း မိသားစု မင်္ဂလာနှစ်(၂၀)ပြည့် အထိမ်းအမှတ်၊ နယူဇီလန်နိုင်ငံ အောက်ကလန်မြို့ (၂၆.၆.၂၀၁၆) - (၁သိန်း)ကျပ် (Dr.HW)
675. အောင်ရတနာဆေးရုံ (၂၇.၆.၂၀၁၆) - (၅သိန်း)ကျပ် (Dr.HW)
676. ဒေါက်တာသီတာဦး (UK) မွေးနေ့အလှူ (၂၈.၆.၂၀၁၆) - (၁သိန်း)ကျပ်(Dr.HW)
677. ကွယ်လွန်သူ ဦးသောင်းဒန်အား ရည်စူး၍ ဦးမျိုးဒန် + ဒေါ်မေဇင်ညွန့်၊ သမီး- မဟေသီမျိုးဒန် (၃၀.၆.၂၀၁၆) - (၂သိန်း)ကျပ်(Dr.HW)
========================================
Dr.HW(ဇွန်လ)ရာသက်ပန် စုစုပေါင်း = ၂,၈၅၀,၀၀၀ ကျပ်+ 400 USD
========================================
678. ဒေါ်တင်ရီအား ရည်စူး၍ ဦးမျိုးအောင် မိသားစု (၁၁.၆.၂၀၁၆) -၈၆,၅၀၀ ကျပ် ($100×865) (DWWKM)
679. ဦးကျော်ဌေး + ဒေါ်တင်တင်ဝင်း (၂၅)နှစ်မြောက် မင်္ဂလာနှစ်ပတ်လည်အလှူ (၆.၆.၂၀၁၆) - (၁သိန်း)ကျပ် (DWWKM)
680. David Lin မိသားစု (ထိုင်ဝမ်) (၁၇.၆.၂၀၁၆) - (၅၀,၀၀၀)ကျပ် (DWWKM)
681. ကျေးဇူးရှင် မိခင်ကြီး ဒေါ်နုနုသန်း ကွယ်လွန်ခြင်း (၁)နှစ်ပြည့်အား ရည်စူး၍ သားသမီးမြေးများ၏အလှူ (၂၅.၆.၂၀၁၆) - (၁သိန်း)ကျပ် (DWWKM)
682. ဦးမောင်မောင်သန့် + ဒေါ်ငြိမ်းငြိမ်းအေး မိသားစု (အမေရိကန်နိုင်ငံ နယူယောက်မြို့)မှ ဒေါ်ငြိမ်းငြိမ်းအေး မွေးနေ့အလှူ (၁၅.၆.၂၀၁၆) - (၁သိန်း)ကျပ် (DWWKM)
=====================================
DWWKM(ဇွန်လ)ရာသက်ပန် စုစုပေါင်း = ၄၃၆,၅၀၀ ကျပ်
=====================================
ဇွန်လ ရာသက်ပန်ဆေးပဒေသာပင်အလှူငွေ စုစုပေါင်း-
***************************************
Dr.HW လက်ခံရရှိငွေ စုစုပေါင်း = ၂,၈၅၀,၀၀၀ ကျပ်+ 400 USD
DWWKM လက်ခံရရှိငွေ စုစုပေါင်း = ၄၃၆,၅၀၀ ကျပ်
============================================
၂၀၁၆ဇွန်လ ရာသက်ပန်ဆေးပဒေသာပင်အလှူငွေ စုစုပေါင်း=(၃,၂၈၆,၅၀၀ ကျပ်)
============================================
Ps.ဇွန်လအတွက် ဆက်သွယ်လှူဒါန်းထားပါသော်လည်း အလှူရှင်စာရင်းတွင် အမည်မပါဝင်သေးပါက ဆက်သွယ်ပြောကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင်။
ကျေးဇူးတင်စွာဖြင့်-
ဝါ၀ါခိုင်မင်း(P09402777916)